၁၈ ဧပြီ

 

ကလေးသူငယ်များ စာပေဖတ်ရှုလိုစိတ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာရေးသူ သီဟဇော်(မြစ်ဝကျွန်းပေါ်) စီစဉ်ရေးသားသည့် သစ္စာမေတ္တာပုံပြင်စာ ကလေးပုံပြင်များစာအုပ် ထွက်ရှိလာသည်။

 

မေတ္တာရွာသည် အေးချမ်းသာယာမှုနှင့်ပြည့်စုံပြီး မေတ္တာတို့ဖြင့်လွှမ်းခြုံလျက်ရှိသည်။ သစ္စာတရားတို့ ထွန်းကားရာအရပ်ဖြစ်သကဲ့သို့ တရားကိုစောင့်သိသော နေရာဖြစ်သည်။ ထိုအရပ်သည် ရိုးသားဖြောင့်မတ်သူများ နေထိုင်ကြသည်။ ထို့အတွက် မေတ္တာရွာနှင့် ဆက်နွှယ်လျက် သစ္စာမေတ္တာပုံစာများ ဖြစ်ပေါ်ခဲ့သည်။ စာရေးသူက မေတ္တာရွာမှ မြန်မာ့ရိုးရာပုံပြင်ကိုးပုဒ်ကို ကလေးသူငယ်များ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ရေးသားထားသဖြင့် ကလေးသူငယ်များ ဖတ်ရှုလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်