မိုင်းယု  ၂၅  မတ် 


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းအဖွဲ့တို့သည် မိုင်းယုကြိုးဝိုင်းနှင့် မိုင်းလွေကြိုးဝိုင်းအတွင်းရှိ သတ်မှတ်တည်နေရာ (၁၃ )နေရာတွင် သစ်တောသစ်ပင် ပေါက်ရောက်မှုအခြေအနေများ၊ နောင်အနာဂတ်သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်နိုင်မှု အခြေအနေ များကို သိရှိနိုင်ရန်အတွက် သစ်တောသယံဇာတစာရင်းကောက်ယူခြင်းကို မတ် ၂၀ ရက်နေ့က တောဝင် စာရင်းကောက်ယူဆောင်ရွက်နေလျက်ရှိသည်။


အဆိုပါ သတ်မှတ်တည်နေရာ (၁၃ )နေရာတွင် တောင်မြင့်တောစိမ်း၊ တောင်မြင့် ထင်းရှူး တောများပါဝင်ပြီး မိုင်းယုကြိုးဝိုင်း သုံးကွက်၊ မိုင်းလွေကြိုးဝိုင်း ဆယ်ကွက်ဖြစ်ရာ တစ်ကွက်လျင် ၅၀ မီလီမီတာ ပတ်လည်သတ်မှတ်၍ သဘာဝအလျောက် ပေါက်ရောက်နေသည့် သစ်ကယ်၊ သစ်ချ၊ ဇင်ပြွန်၊ ယမနေ၊ ဘုံမဲဇာ၊ ကလောင်နီ၊ မြယာ၊ လယ်ဇ၊ ဇောင်းပလွေး၊ စာသူငယ်ဦးနှောက်၊ သစ်ဖြူ၊ ဘိုင်းလက်ပံနှင့် ဝါးမျိုးနွယ်များဖြစ်သည့် တင်းဝါး၊ မျှင်ဝါး၊ ဝါးနွယ်နီနှင့် ဝါးပါးတို့ကို အပင်အရေအတွက်များ ကောက်ယူခြင်း၊ လုံးပတ်အတန်းအစား တိုင်းတားသတ်မှတ်ကာ စံနမူနာကွက် အနေဖြင့် စာရင်းကောက်ယူနေလျက် ရှိကြောင်းနှင့် ယင်းလုပ်ငန်းမှာ လက်တလော ၁၃ ရာခိုင်းနှုန်း စာရင်းကောက်ယူပြီးစီးနေပြီဖြစ်ပြီး ဧပြီ ၅ ရက်နေ့ထိ လုပ်ငန်းကို အပြီးသတ် လျာထားလျက်ရှိကြောင်း သိရသည်။


ကိုကိုနိုင်(မိုင်းယု)