သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး နှင့် အထက်လွှတ်တော်အမတ်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ

သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော် အမတ် The Honourable  Marise Payne ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိလာသည်။

 

 

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ ဂျယ်ရမီခရုစ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

(သတင်းစဉ်)