ဆစ်ဒနီ  ဇန်နဝါရီ  ၈ 

သြစတြေးလျနိုင်ငံတစ်ဝန်း စံချိန်တင်အပူလှိုင်းဒဏ်ကြောင့်  တောမီးများလောင်ကျွမ်းလျက်ရှိသည်။ တောမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အာဏာပိုင်များက ပြည်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် တိုက်တွန်းထားသည်။

ဗစ်တိုးရီးယားပြည်နယ် အရှေ့တောင်ပိုင်းနေရာနှစ်နေရာ၌ အဓိကမီးလောင်မှုကြီးဖြစ်ပွားလျက်ရှိသည်။ နယူးဆောက်သ်ဝေးလ်နှင့် သြစတြေးလျတောင်ပိုင်းတို့တွင်လည်း တောမီးများလောင်ကျွမ်းခဲ့ပြီး ဇန်နဝါရီ ၈ ရက်တွင်  တစ်နေရာ၌  အပူချိန် ၄၈ ဒသမ ၂  ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။

ယခု  တောမီးလောင်ကျွမ်းမှုသည် လူ ၃၀ ကျော် သေဆုံးခဲ့သည့် ၂၀၁၉     ခုနှစ်အတွင်း  တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပွားခဲ့သည့်  အပူချိန်နှင့်တူညီသည်ဟု ဒေသခံမီဒီယာများက ပြောသည်။

ပြင်ပတွင် မီးရှို့ခြင်း သို့မဟုတ် မီးလောင်ကျွမ်းစေခြင်းဆိုင်ရာတားမြစ်ချက်ကို  တောင်သြစတြေးလျတစ်ဝန်းတွင်   အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။

ဇန်နဝါရီ ၉ ရက်တွင် အပူချိန်များ ဆက်လက်မြင့်တက်နေဦးမည်ဟု မျှော်လင့်ရသည်။ မီးဘေးအန္တရာယ်ဆိုင်ရာ  အဆင့်သတ်မှတ်ချက်ကို    အမြင့်ဆုံးအဆင့်တွင်   သတ်မှတ်မည်ဟု အာဏာပိုင်များက  ပြောကြားခဲ့သည်။ မီးလောင်မှုသည် အသက်နှင့် အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုဖြစ်နိုင်သည်ဟု ၎င်းတို့က ပြောသည်။            

အင်န်အိတ်ချ်ကေ