၁၈ ဖေဖော်ဝါရီ

သြစတေးလျနိုင်ငံသား လေးပုံသုံးပုံ ပမာဏအားဖြင့် လူဦး ၁၈ သန်းလောက်ဟာ တောမီးရဲ့ဒဏ်ကို ခံစားရမှာဖြစ်ကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ဝေတဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ အစိုးရကို ထောက်ခံမှုနဲ့ ဒေသတွင်းကျောက်မီးသွေး စီမံကိန်းတွေအပေါ် ထောက်ခံမှုဟာလည်း ကျဆင်းလာကြောင်း Australian National University က ထုတ်ဝေသုတေသနစာတမ်းမှာ ရေးသားထားပါတယ်။ 

 

00015

 

ငါးလကြာလောင်ကျွမ်းခဲ့တဲ့ တောမီးအတွင်းမှာ ထောင်ချီတဲ့အိမ်တွေ ဆုံးရှုံးခဲ့သလို လူ ၃၀ ကျော်လည်း သေဆုံးခဲ့ပါတယ်။ 

နိုင်ငံသားအားလုံးနီးပါးဟာ တောမီးရဲ့အကျိုးသက်ရောက်မှု ကို နှစ်ပေါင်း များစွာခံစားကြရမှာလို့ လူမှုရေးသုတေသနပညာရှင် နီကိုလက်စ် ဘစ်ဒယ်က ပြောပါတယ်။ 

သုတေသနအတွက် မဲဆန္ဒတောင်းယူရာတွင် လူပေါင်း ၃၀၀၀ မှာ တိုက်ရိုက်သက်ရောက်မှုရှိတဲ့အတွက် အရွယ်ရောက်ပြီးသူရဲ့ ၁၄ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အိုးအိမ်ဆုံးရှုံးမှု နဲ့ မိသားစုတွေကို မပြောင်းမနေရ ပြောင်းခိုင်းခဲ့တဲ့အတွက် တိုက်ရိုက်အကျိုးသက်ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ 

ဒါ့အပြင် နိုင်ငံသား ၁၅ သန်းအထိ တောမီးရဲ့မီးခိုးငွေ့ဒဏ်ကို ခံစားရခြင်းနဲ့ ရက်အားအပန်းဖြေခရီး အစီစဉ်တွေကို ထိခိုက်တဲ့အတွက် တောမီးကနေ သွယ်ဝိုက်ပြီး သက်ရောက်မှုရှိတယ်လို့ ပြောနိုင်ကြောင်း ဖော်ပြထားပါတယ်။ 

ပညာရှင်တွေကတော့ တောမီးဟာ မိုးခေါင်မှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် လောင်စာထိုးပေးသလိုမျိုး ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အစိုးရကို ယုံကြည်တယ်ဆိုတဲ့ ဦးရေက  ၂၇ ရာခိုင်နှုန်းအထိ ကျသွားတဲ့အတွက် သုံးလအတွင်း ၁၁ ရာခိုင်နှုန်း ထောက်ခံမှု ကျဆင်းတယ်လို့ ဆိုနိုင်ပါတယ်။ 

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အစိုးရရဲ့ ကျောက်မီးသွေးထုတ်လုပ်မှုကို ၇၂ ရာခိုင်နှုန်းထောက်ခံရကနေ ဇန်နဝါရီလမှာတော့ ၅၇ ရာခိုင်နှုန်းကသာ ကျောက်မီးသွေးထုတ်လုပ်မှုကို ထောက်ခံတာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP