၂ ဇန်နဝါရီ

သြစတြေးလျအရှေ့တောင်ပိုင်းတွင် ယခုအပတ်အတွင်း တောမီးလောင်ကျွမ်းမှုကြောင့် လူရှစ်ဉီးသေဆုံးခဲ့ပြီး အများအပြားပျောက်ဆုံးလျက်ရှိကာ ရာနှင့်ချီသည့် နေအိမ်များမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

 

f2

 

နယူးဆောက်ဝေးပြည်နယ်တွင် လူခုနှစ်ဉီး သေဆုံးခဲ့ပြီး၊ ဗစ်တိုးရီးယားပြည်နယ်တွင် တစ်ဉီးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့က အတည်ပြုခဲ့သည်။ 

 

f3

 

ဗစ်တိုရီးယားပြည်နယ်တွင် အရေအတွက်မသိရသော လူများပျောက်ဆုံးနေဆဲဖြစ်ပြီး နယူးဆောက်ဝေးပြည်နယ်တွင်လည်း လူတစ်ဉီးပျောက်ဆုံးလျက်ရှိသည်။ 

 

သီးတင်းပတ်ကုန်ပိုင်းအထိ မီးလောင်မှုကို ပိုမိုဆိုးရွားစေသည့် ရာသီဉတုအခြေအနေများဖြစ်ပေါ်နိုင်ကြောင်း  ခန့်မှန်းလျက်ရှိသည်။

 

ပြီးခဲ့သည့် ကြာသပတေးနေ့မှစတင်ပြီးလောင်ကျွမ်းခဲ့သည့် တောမီးကြောင့် နယူးဆောက်ဝေးပြည်နယ်တွင် မီးလောင်မှုပေါင်း ၁၁၀ခန့်ရှိပြီး မီးလောင်မှု၅၀ခန့်မှာ ကျန်ရှိနေဆဲဖြစ်သည်။ ဗစ်တိုးရီးယားပြည်နယ်တွင် မီးလောင်မှုအတွက် သတိပေးချက် ၃၈ ခုကို ထုတ်ပြန်ခဲ့သည်။ 

 

အဆိုပါ ဒေသတွင် နေထိုင်သော  ထောင်နှင့်ချီသည့် လူများသည် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး အစားစာနှင့်အမိုးအကာများရရှိရန်အတွက် ယမန်နေ့ကအထိ စစ်သင်္ဘောများနှင့်လေယာဉ်များမှ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ


ဘာသာပြန်-မေဇော်ထက်