ကျိုက်မရော ၂၀ ဧပြီ  

 

ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံ ကျေးလက်ပြည်သူများအနေဖြင့် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့ရလျက်ရှိသည်။

 

ထို့ကြောင့် ကျိုက်မရောလူငယ် ပရဟိတအဖွဲ့ ရေလှူအသင်းမှ ဦးစောဒူးလေး ဦးဆောင်သော အဖွဲ့များက ယနေ့နံနက် ၉ နာရီမှစ၍ ကလိုင်းကနိုင်ကျေးရွာနှင့် ရှင်စောပုရပ်ကွက် ၃ခု တို့တွင် ရေသယ်ယာဉ်(၃)စီးဖြင့် အိမ်ရှေ့အရောက် ပို့ဆောင်လှူဒါန်းပေးလျက်ရှိသည်။

 

ဧပြီလအတွင်း ရာသီဥတုအပူချိန် ပို၍မြင့်တက်လာသည်နှင့်အမျှ ရေတွင်းရေကန်များတွင် သောက်သုံးရေများ ခန်းခြောက်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ပြည်သူတို့၏ ရေအခက်အခဲကို ဖြည့်ဆည်းပေးနိုင်မည့် ရေအလှူရှင်များ လိုအပ်နေကြောင်း ပရဟိတရေလှူအသင်းခေါင်းဆောင် ဦးစောဒူးလေးထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)