ညောင်ဦး   ၁၈  ဧပြီ    

 

ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် သုမင်္ဂလာ ပရဟတိ ရေလှူအသင်း နာယကဆရာတော် ဥူးသုမင်္ဂလ ဦးဆောင်သော ပရဟိတရေလှူအသင်းအဖွဲ့ဝင်များက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာပရဟိတရေလှူအသင်း နာယကဆရာတော် အရှင်သာဂရ ဦးဆောင်သော ပရဟိတ ရေလှူအသင်းသားများနှင့် ပူးပေါင်း၍ ဧပြီ ၁၈ ရက် နံနက် ၈ နာရီက ညောင်ဦးမြို့နယ် ငါ့မင်းမေးကျေးရွာ၊ မကျီးတန်းကျေးရွာ၊ ထန်းပေါက်တောတဲတိုက်နှင့် လက်ပံပင်တဲတိုက်တို့မှ ဒေသခံကျေးလက်နေ ပြည်သူများထံ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

mdn

 

သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် ငါ့မင်းမေးကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၁၅၀ဝ၊ မကျီးတန်းကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀ဝ၀၊  ထန်းပေါက်တောတဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၄၅၀ဝ၊ လက်ပံပင်တဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀ဝ၀ စုစုပေါင်း ရေဂါလန် ၁၂၀ဝ၀ အား အိမ်ထောင်စုအလိုက် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်လာမှုနှင့်အတူ ကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုလို သောက်သုံးရေရှားပါးသည့် အချိန်တွင် ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းတို့က ရေသယ်ယာဉ်များဖြင့် ကျေးရွာအရောက် စဉ်ဆက်မပြတ် လှူဒါန်းပေးနေကြောင်း ညောင်ဦးမြို့နယ် ငါ့မင်းမေးကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)