သီးစုံကျောက်ကျော

အေးစိမ့်နေတဲ့ သစ်သီးစုံအချိုပွဲဟာ အမြင်လှသလောက် အရသာလည်း ရှိပါတယ်။ အလှူပွဲတွေ၊ပါတီပွဲတွေနဲ့ သင့်တော်တဲ့ အချိုပွဲတစ်ပွဲပါပဲ။

 

ပါဝင်ပစ္စည်းများ

 

•           ကီဝီသီး တစ်ခြမ်း

 

•           အဝါရောင် မက်မွန်သီး တစ်စိတ် (စည်သွပ်ဗူးထဲမှ)

 

•           amanatto  ပဲစေ့အချို အစေ့၂၀ ( azuki ပဲစေ့ စည်သွပ်ဗူး)

 

•           ပန်းသီးဖျော်ရည် ၂၀ဝ မီလီလီတာ ( clear type)

 

•           ကျောက်ကျောမှုန့် ၂ ဂရမ်

 

•           သကြား ၁၀ဝ ဂရမ်

 

 

ပြုလုပ်ပုံ

 

၁။ ကီဝီသီးကို အခွံနွှာပြီး  ၂ စင်တီမီတာအရွယ် အတုံးလေးတွေတုံးပါ။ ပဲအချိုလုံး (amanatto) တွေကို သကြားတွေ ကွာသွားအောင် ရေဆေးပြီး စက္ကူလက်သုတ်ပုဝါနဲ့ ရေခြောက်အောင်သုတ်ပါ။

 

၂။ဒယ်အိုးထဲမှာ ပန်းသီးဖျော်ရည်ကို လောင်းထည့်ပါ။ ထို့နောက် ကျောက်ကျောမှုန့်ကို ထည့်ပြီး အမှုန့်တွေ အရည်ထဲပျော်ဝင်သွားတဲ့အထိ ယောက်မနဲ့ မွှေပေးပါ။မီးအပူ အသင့်အတင့်နဲ့ တည်ပြီး  အဆက်မပြတ် မွှေပေးပါ။ ပွက်စပြုလာသည့်အခါ  တစ်မိနစ်ခန့် ဆက်တည်ထားပြီး မွှေထားပါ။ ထို့နောက် သကြားထည့်ပြီး မွှေပါ။ ဆူပွက်လာသည့်အခါ မီးပိတ်ပါ။

 

၃။ ကော်ဘူး (သို့) ဗန်း ထဲမှာ လှီးဖြတ်ထားတဲ့ သစ်သီးတွေကို အရောင်တွေလိုက်ဖက်အောင် စီခင်းပါ။ထို့နောက် ကျိုထားတဲ့ ကျောက်ကျောအရည်ကို သစ်သီးတွေမြုပ်သွားအောင် လောင်းထည့်ပါ။ အရည်တွေခဲသွားအောင် ၃မိနစ်ခန့် စောင့်ပြီး ကျန်တဲ့ကျောက်ကျောအရည်တွေကို အပေါ်ကနေ ထပ်လောင်းပါ။ ကျောက်ကျောသား မာလာတဲ့အထိ အအေးခံထားပါ။ ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထည့်ပြီးတော့လည်း အအေးခံနိုင်ပါသည်။ ကျောက်ကျောများ မာတင်းလာသည့်အခါ နှစ်သက်ရာအရွယ် အတုံးလေးများတုံးပြီး သုံးဆောင်နိုင်ပါပြီ။

 

 

ကိုးကား-NHK