ဇန်နဝါရီ ၆
သီရိလင်္ကာနိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ်တွင် တရားမဝင်ပေါင်းခံထားသော အရက်သောက်သုံးပြီးနောက် လူငါးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါအရက်သောက်သုံးပြီး မကြာမီ လူသုံးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦးသည် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
သီရိလင်္ကာနိုင်ငံသားများ သောက်သုံးသော အရက်အားလုံး၏ ၄၀ ရာခိုင်နှုန်းခန့်သည် တရားမဝင်ချက်အရက်များဖြစ်ပြီး ၎င်း၏အဆိပ်သင့်မှုကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်စေကြောင်း တရားဝင်အချက်အလက်များ ပြသထားသည်။
သီရိလင်္ကာနိုင်ငံတွင် မီသနော သို့မဟုတ် ပါရာကွာ့တ် ညစ်ညမ်းမှုကြောင့် အဓိကအားဖြင့် တရားမဝင်အရက်နှင့် ဆက်စပ်သော အစုလိုက်အပြုံလိုက်အဆိပ်သင့်မှုနှင့် သေဆုံးမှုများစွာကို မှတ်တမ်းတင်ထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


