ကိုလံဘို ဇန်နဝါရီ ၉
သီရိလင်္ကာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် မိသားစုများအတွက် နေအိမ်ပြန်လည်တည်ဆောက်ရေးနှင့် ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ဇန်နဝါရီ ၉ ရက်တွင် စတင်နေပြီဖြစ်ကြောင်း သမ္မတ၏ မီဒီယာဌာနခွဲ (ပီအမ်ဒီ) က ပြောကြားသည်။
အစိုးရ၏ သီရိလင်္ကာကို ပြန်လည်တည်ဆောက်ခြင်း "Re-building Sri Lanka" အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆိုပါပဏာမခြေလှမ်းကို အနုရာ ဒါပူရာနှင့် ကူရူနီဂါလာခရိုင်တို့တွင် စတင်၍ ဂယ်နီဝါ၊ ရာဂျန်ဂါနာယာ၊ နီကာ ဝါရာတီယာနှင့် ရစ်ဒီးဂါမာတို့တွင် အိမ်ရာသစ်စီမံကိန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း ပီအမ်ဒီက ထုတ်ပြန်ထားသည်။
အဆိုပါ အစီအစဉ်သည် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ကြီးမားစွာပျက်စီးခဲ့ရသည့် အစုအဖွဲ့များကို ပံ့ပိုးကူညီရန် ရည်ရွယ်ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံတစ်ဝန်း နေအိမ် ၂၀၀၀၀ နှင့် ၂၅၀၀၀ ကြား ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း၊ နေအိမ် ၆၀၀၀ ခန့်မှာ လုံးဝပျက်စီးသွားပြီး ခန့်မှန်းခြေ နေအိမ် ၁၇၀၀၀ မှ ၁၈၀၀၀ ကျော်မှာ တစ်ဝက်တစ်ပျက် သို့မဟုတ် အန္တရာယ်ရှိသည်ဟု ယူဆရသည့်နေရာတွင် တည်ရှိကြောင်း သမ္မတ အနူရာကုမာရာဒစ္စနာ ယာကီက အခမ်းအနားတွင် ပြောကြားသည်။
ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးမှာ ၄ ဒသမ ၁ ဘီလီယံဒေါ်လာ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


