သီရိလင်္ကာနိုင်ငံ၌ လုပ်ကွက်ငယ်လယ်သမားများအား စပါးစိုက်ပျိုးနည်းပညာ သင်တန်းပေး

ကိုလံဘို    နိုဝင်ဘာ    ၂၀

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ စိုက်ပျိုးရေးဌာန နှင့် သီရိလင်္ကာနိုင်ငံ  မဟာဝဲလီ အာဏာပိုင်အဖွဲ့တို့သည်     မကြာသေးမီက လုပ်ကွက်ငယ် လယ်သမားများအား   စပါးစိုက်ပျိုးရာတွင်        ရေရှည်တည်တံ့သော ချဉ်းကပ်နည်းများကို လေ့ကျင့်သင်ကြားပေးမည့်   အစီအစဉ်ကို မကြာသေးမီက စတင်ခဲ့သည်။

ကုလသမဂ္ဂအေဂျင်စီ၏ ထုတ်ပြန်ချက်အရ   သီရိလင်္ကာနိုင်ငံရှိ အဓိကစပါးစိုက်ပျိုးသော အမ်ပါရာ၊ ဘာဒူလာ၊ ဟမ်ဘန်တိုတာနှင့်  ပိုလွန်နာရူဝါ ခရိုင်လေးခု မှ လယ်သမား ၆၀၀၀ ကို အပင် အာဟာရ   ပေါင်းစည်းစီမံခန့်ခွဲမှု ကို ကျင့်သုံးခြင်းအတွက် စိုက်ပျိုး ရေးအရာရှိများမှ   လေ့ကျင့်သင်ကြားပေးမည် ဖြစ်သည်။ အပင်  အာဟာရ ပေါင်းစည်းစီမံခန့်ခွဲမှုသည်စပါးစိုက်ပျိုးမှုတွင် ဓာတ်မြေ သြဇာ၊ ရေနှင့် အခြားသွင်းအားစု များ ထိရောက်စွာအသုံးချနိုင်စေ ရေးနည်းလမ်းများ ပါဝင်သည်။

အပင်အာဟာရ   ပေါင်းစည်း စီမံခန့်ခွဲမှုစနစ်ကို  အသုံးပြုပြီး ဓာတုဓာတ်မြေဩဇာများကို  ပိုမို ထိရောက်စွာ   အသုံးပြုခြင်းဖြင့်  လုပ်ကွက်ငယ်တောင်သူ လယ်သမားများသည်    ကုန်ကျစရိတ်များ ကို  လျှော့ချနိုင်ပြီး ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးမည်ဖြစ်၍   အနာဂတ်တွင် အမြတ်အစွန်း ပိုမိုရရှိကာ ခံနိုင်ရည်ရှိစေမည်ဟု စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က မျှော်လင့်ထားသည်။

အဆိုပါအစီအစဉ်တွင် အရည်အသွေးမြင့်မျိုးစေ့များ  အသုံးပြုခြင်း၊ သင့်လျော်သောမြေပြင်ဆင်ခြင်း၊ မျိုးစေ့ထုတ်ခြင်းနည်းလမ်းများ၊ ထိရောက်သောရေစီမံခန့်ခွဲမှုနှင့် ထိရောက်သောပေါင်းပင်၊ ပိုးမွှားနှင့် ရောဂါစီမံခန့်ခွဲမှုတို့အပါအဝင်  ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များကို အကောင်အထည်ဖော်ရန်လည်း ရည်ရွယ်လုပ်ဆောင်သွားမည် ဖြစ်သည်။               

ဆင်ဟွာ