စက်တင်ဘာ ၈
သီရိလင်္ကာနိုင်ငံရှိ ခရိုင် ငါးခုတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် သီရိလင်္ကာနိုင်ငံအမျိုးသားအဆောက်အအုံ သုတေသနအဖွဲ့အစည်းက မြေပြိုမှုဆိုင်ရာကြိုတင်သတိပေးချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါသတိပေးချက်များသည် ဂယ်လီ၊ ကာလုတာရာ၊ ကန်ဒီ၊ ကီဂါလီနှင့် ရတ်နာပူရာခရိုင်များရှိ ဒေသများအတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုဒေသများတွင် နေထိုင်သူများအား မြေပြိုမှုများ၊ တောင်စောင်းပြတ်တောက်မှုများ၊ ကျောက်ဆောင်ပြိုကျမှုများနှင့် မြေနိမ့်ကျမှုတို့ဖြစ်ပေါ်နိုင်သဖြင့် သတိဖြင့်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။
နိုင်ငံအတွင်းရှိ ဒေသအများစုတွင် လာမည့်ရက်များအတွင်း မိုးရွာသွန်းခြင်း၊ မိုးခြိမ်းခြင်းတို့ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသဌာနက ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


