သီရိလင်္ကာနိုင်ငံ၌ ရာသီဉတုဆိုးရွားမှုကြောင့် လေးဦးသေဆုံး

နိုဝင်ဘာ ၂၄

သီရိလင်္ကာနိုင်ငံတွင် ရာသီဉတုဆိုးရွားမှုကြောင့်  ယမန်နေ့မနက်ပိုင်းအထိ လေးဦးသေဆုံးခဲ့ကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့ရေးစင်တာ (ဒီအမ်စီ)က ပြောကြားသည်။

အဆိုပါသေဆုံးသူများသည် မြေပြိုကျမှုနှင့် မိုးကြိုးပစ်မှုတို့ကြောင့်ဟု ယူဆရသည်ဟု ဒီအမ်စီက ဆိုသည်။

စက်တင်ဘာလမှစတင်ကာမိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒေသအများအပြားတွင် မြစ်ရေကြီးကာ ရေများနစ်မြုပ်နေသည်ဟု ဒီအမ်စီကပြောကြားသည်။

အလယ်ပိုင်း၊ ဆာဘာရာဂါမူဝါ၊ အနောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များ၊ ဂါလီနှင့် မာထရာခရိုင်တို့ရှိ နေရာအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ယမန်နေ့ကပြောကြားသည်။

မိုးထစ်ချုန်းရွာသွန်းနေစဉ်အတွင်း ယာယီလေပြင်းတိုက်ခတ်ခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ဖြစ်ပေါ်စေသဖြင့် ထိခိုက်ပျက်စီးမှုများနည်းပါးစေရန် လုံလောက်သောကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန် နိုင်ငံသားများအား မိုးလေဝသဌာနက အကြံပြုပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို