ကိုလံဘို ဇန်နဝါရီ ၇
၂၀၂၅ ခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် စံချိန်တင်အများဆုံး ပမာဏဝင်ရောက်မှုရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သီရိလင်္ကာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် အနှောင့်အယှက်အဟန့်အတားများ ကြုံခဲ့ရသော်လည်း ခရီးသွားလုပ်ငန်းမှာ နှစ်စဉ်ဝင်ငွေ စံချိန်တင်ရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးရာ၊ ပြည်ပအလုပ်အကိုင်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဝီဂျီသာဟီရတ်သ်က ယမန်နှစ်အတွင်း သီရိလင်္ကာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၂ ဒသမ ၃၆ သန်းကျော် ဝင်ရောက်မှုရှိခဲ့ကြောင်း၊ ယင်းမှာ ပြက္ခဒိန်တစ်နှစ်အတွင်း အများဆုံးဝင်ရောက်သည့် ပမာဏဖြစ်ကြောင်း ပြောသည်။
သီရိလင်္ကာနိုင်ငံသည် ယမန်နှစ်က ဝင်ငွေအမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရရှိခဲ့ပြီး ခရီးသွားလုပ်ငန်းမှာ ဒုတိယမြောက်အများဆုံး နိုင်ငံခြားငွေရရှိသည့် ရင်းမြစ်တစ်ခုဖြစ်ခဲ့သည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် နိုင်ငံခြားခရီးသွားအနည်းဆုံး သုံးသန်း ဝင်ရောက်နိုင်ရေး ရည်မှန်းထားသည်။
ဆင်ဟွာ


