သီရိလင်္ကာနိုင်ငံသို့ ယခုနှစ်အတွင်းခရီးသွား ၂ ဒသမ ၅ သန်းကျော်ဝင်ရောက်နိုင်

ဖေဖော်ဝါရီ ၂၆

သီရိလင်္ကာနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်အတွင်း ခရီးသွား ၂ ဒသမ ၅ သန်းကျော် ဝင်ရောက်နိုင်ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး အလီဆာဘီက ယမန်နေ့ကပြောကြားသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ခရီးသွားဝင်ရောက်မှု ၁၀၀၀၀၀ ကျော်သာရှိရာ ၂၀၂၄ ခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ၂၁၀၀၀၀ အထိ ရှိလာကြောင်း ၎င်းကထပ်လောင်းပြောသည်။ ခရီးသွားဝင်ရောက်မှုနှုန်းသည် ဖေဖော်ဝါရီလအတွင်း လက်ရှိအချိန်အထိ သိသိသာသာပိုမိုများပြားလာသည်ဟု ၎င်းကဆိုသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ခရီးသွား ၁၀၇၆၃၉ ဦး ဝင်ရောက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၈ ရက်အထိ ခရီးသွားဝင်ရောက်မှု ၁၃၈၇၃၆ ဦးရှိသည်ဟု တရားဝင်အချက်အလက်ဖော်ပြချက်အရ သိရသည်။ သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း တည်ငြိမ်နေပြီး ပြန်လည်ကောင်းမွန်လာမည့်လက္ခဏာရှိကြောင်း ၎င်းကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို