၂၇ နိုဝင်ဘာ
သီရိလင်္ကာသမ္မတ ဂိုတာဘာရာ ရာဂျာပါစကာသည် ပြည်နယ်ဝန်ကြီးအသစ် ၃၅ ဦးနှင့် ဒုတိယဝန်ကြီးအသစ် သုံးဦး တို့ကို လာမည့် ပါလီမန်ရွေးကောက်ပွဲထုတ်ပြန်သည့်တိုင်အောင် တာဝန်ထမ်းဆောင်ရန် ကြားဖြတ်အစိုးရအသစ် လက်ထက်တွင် ယနေ့ ခန့်အပ်ခဲ့သည်ဟု သိရသည်။
မြို့တော် ကိုလံဘိုရှိ သမ္မတရုံး၌ သမ္မတ၏ ရှေ့မှောက်တွင် ပြည်နယ်ဝန်ကြီးများနှင့် ဒုတိယဝန်ကြီး အသစ်များကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
အသစ်ခန့်အပ်ခြင်းခံရသူ အချို့တွင် သီရိလင်္ကာ Podujana Peramuna မှ အဆင့်မြင့်အမတ်များ ပါဝင်ကြသည်။
ချာမယ် ရာဂျာပါစကာကို ကာကွယ်ရေးပြည်နယ်ဝန်ကြီး အဖြစ်လည်းကောင်း၊ ဂျွန်စီနီဗီရာနီ ကို စီးပွားရေးနှင့်မူဝါဒဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်ဝန်ကြီးအဖြစ် လည်းကောင်း၊ ဆူစီလ် ပရီမာဂျာယန်သာကို နိုင်ငံတကာ ဆက်ဆံရေး ပြည်နယ်ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။
ရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေး ပြည်နယ်ဝန်ကြီး အဖြစ် ကီဟီလီရာ ရမ်ဘခ်ဝီလာ ကို ခန့်အပ်ခဲ့ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပြည်နယ်ဝန်ကြီး အဖြစ် အာရန်ဒီကာ ဖာနန်ဒို ကို ခန့်အပ်ခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်နေ့က ကျင်းပခဲ့သော သမ္မတ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဆာဂျီ ပရီမာဒါဆာ ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ရာနေး ဝစ်ရီမီစင်ဂီ ရာထူးမှနှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ၁၆ ဦးပါသည့် ဝန်ကြီးအဖွဲ့ခန့်အပ်မှုအပြီး ရက်အနည်းငယ်အတွင်း ယင်းသို့အသစ် ခန့်အပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


