ရန်ကုန် အောက်တိုဘာ ၁၄
၁၃၈၇ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် (၃၈)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်းကြသည်။
ထိုသို့ လှူဒါန်းရာတွင် လေအန်ကုန်းစာပေရပ်ဝန်းက အလှူငွေကျပ် ၅၀၅၀၀၀၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၃၃၀၀၀၀၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ကေလာသ ပဏ္ဍိတာ ရာမကျောင်းတိုက်က ငွေကျပ် သုံးသိန်း၊ ဒေါက်တာရီရီလှ(ယုဝတီခင်ဦး)၊ ဦးနေလင်း (မောင်ချိုဝေ)- သမီး ရွှေရုပ်(မှော်ဘီမြို့)နှင့် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ် နှစ်သိန်းစီ၊ သင်္ဃန်းကျွန်းမြို့နယ် စာရေးဆရာအသင်းနှင့် မရမ်းကုန်းမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ် ၁၅၀၀၀၀ စီ၊ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)၊ ဒေါ်မြမြသန်း(မနှင်းဖွေး)၊ ဦးထင်လင်းကျော်၊ ဒေါက်တာမောင်မောင်မြင့်-ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး)(ဥက္ကဋ္ဌ၊ ပဲခူးမြို့နယ် စာရေးဆရာအသင်း)၊ ဒေါ်ခင်ဝင်းမေ၊ ဦးသိမ်းထွန်း (စစ်ရဲ အိမ်)၊ (ဂီတစာဆို မောင်မျိုးသူ)- မရည်မွန်(ကျုံပျော်)၊ ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်း၊ တာမွေမြို့နယ် စာရေးဆရာအသင်း၊ ရန်ကင်းမြို့နယ် စာရေးဆရာအသင်း၊ အင်းစိန်မြို့နယ် စာရေးဆရာအသင်းနှင့် မှော်ဘီမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမြကျော် (မောင်မြကျော်)၊ ဦးလှတိုး (တိုးထက်)၊ စာရေးဆရာမ သက်ဦးခင်၊ ဒေါ်ခင်တင့်ဝေ(ခင်တင့်ဝေ-မြို့တော်စည်ပင်)၊ ဦးစိုးမြင့်(လက်ပံနီ)၊ ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်း၊ ခရမ်းမြို့နယ် စာရေးဆရာအသင်း၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၊ သထုံမြို့နယ် စာရေးဆရာအသင်းနှင့် မြိတ်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူးဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူး ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှတ်(၁၇၃/၁၇၅) (၇)လွှာ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၁- ၂၅၂၄၁၇၊ ၀၉- ၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


