ရမည်းသင်း ဩဂုတ် ၁၉

 

ရမည်းသင်းမြို့နယ်အတွင်း သက်တံရောင်စီမံကိန်းရန်ပုံငွေဖြင့် မိုးစပါးစိုက်ခင်းများ ပန်းတိုင် အထွက်နှုန်းရောက်ရှိရေး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာမှ ဒုတိညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ဇီးဖြူကန်ကျေးရွာ၌ သက်တံရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကောင်းထက်စံ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းရှိ အသင်းသားများဖြင့် စိုက်ပျိုး ထားသော မိုးစပါးစိုက်ခင်းများနှင့် ဆက်လက်ဆောင်ရွက်ရန် ထွန်ယက် လျက်ရှိသော စိုက်ခင်းများကို ကြည့်ရှုအားပေးပြီး အသင်းသား တောင်သူများ၏ လိုအပ်ချက်များကို မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်သမဝါယမအသင်းစုတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဆည်ကြီးကျေးရွာရှိ တက်သစ်စ-၂ လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းရှိမိုးကြိုဝါစိုက်ခင်းများနှင့် ဘွက်ကျေးရွာ ပွင့်သစ်ဦး လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းရှိ မိုးဝါစိုက်ပျိုးဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ငွေကြယ်