ခင်ဦး ၃ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ဧရာဝတီမြစ်လယ်ရှိ သမိုင်းဝင်အညာသီဟတော ဘုရားရင်ပြင်တော်တွင် မြစ်ရေတိုက်စားမှုကြောင့် နိမ့်ကျအက်ကွဲနေမှုများရှိရာ ဘုရားရင်ပြင်တော် မြေသားနှင့် ကျောက်သားကြံ့ခိုင်ရန် ဆောင်ရွက်မှုလုပ်ငန်းကို ငွေကျပ်သိန်း (၁၀ဝ၀) ကျော် အကုန်ကျခံ၍ မေလ ၁ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ီ

 

သမိုင်းဝင်အညာသီဟတော ဘုရားရင်ပြင်တော် မြေသားနှင့် ကျောက်သားကြံ့ခိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၁၃၃ ဒသမ ၆၆၅) သိန်းဖြင့် ဘူမိဗေဒပညာရှင်အဖွဲ့ဖြင့် အသေးစိတ် စမ်းသပ်ဆောင်ရွက်ခဲ့ရာ အပိုင်း (၃) ပိုင်းခွဲပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အပိုင်း (၁) အနောက်တောင်ထောင့်ရှိ ရင်ပြင်တော်ဆောင်ရွက်မှုလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၂၄၄ ဒသမ ၆၇၂၆၆) သိန်း၊ အညာသီဟတောဘုရားရန်ပုံငွေ ကျပ် (၄၉၆ ဒသမ ၅) သိန်းဖြင့် Myanmar Geo Specialist Co,.Ltd က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ရာ စုစုပေါင်းခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း(၁၀ဝ၀) ကျော် ကုန်ကျမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၏ ပြောကြားချက်အရ သိရသည်။

 

နန

 

ဘုရားရင်ပြင်တော်ပြင်ဆင်ရာတွင် လိုအပ်နေသော အလှူငွေများရရှိရန်အတွက် သီဟရာဇာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ အညာသီဟတော ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေး ဦးစီးမှူး ဦးကျော်ဇေယျတို့က ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး အလှူရှင်များအနေဖြင့် အလှူငွေများ လှူဒါန်းလိုပါက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် (ဝ၉-၄၃၀၉၀၂၈၄) နှင့် အညာသီဟတောဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ရွှေ (ဝ၉-၂၅၉၄၃၀၂၉၇) တို့တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)

 

​ေ