နေပြည်တော် ၁ ဧပြီ 

 

သမဝါယမဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ(ADS) အညီအစိုးရ၊ တောင်သူ လယ်သမားများနှင့် ပုဂ္ဂလိက စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှုအခြေခံအုတ်မြစ်အပေါ် ကောင်းမွန်သော စီမံအုပ်ချုပ်မှုမဏ္ဍိုင်၊ ထုတ်လုပ် မှုစွမ်းအားတိုး တက်ရေးမဏ္ဍိုင်၊ ယှဉ်ပြိုင်စွမ်းအားမြင့်မားရေးမဏ္ဍိုင်ဟူသောမဏ္ဍိုင်ကြီး (၃)ရပ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှုတွင် သမဝါယမလုပ်ငန်း သည် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်ကြောင်း၊ 

 

ဧပြီလ(၁)ရက်နေ့ ငွေကြေးပူးပေါင်းခြင်း၊ လုပ်အား ပူးပေါင်းခြင်း၊ ဝယ်လိုအားပူးပေါင်းခြင်း၊ ရောင်းလိုအားပူးပေါင်းခြင်း၊ ဒေသဖွံ့ဖြိုး ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း များအပါအဝင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ဖြင့်ဆောင် ရွက်လျက်ရှိသည့် သမဝါယမလုပ်ငန်း အပေါ် ပြည်သူများကလေးစား လိုက်နာအတုယူရပြီးအသင်းများပေါ်ထွန်းလာရေးနှင့် သမဝါယမ အသင်းသားများ တိုးတက်လာ ရေးကိုမိမိတို့အားလုံးကြိုးပမ်းကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သမဝါယမအသင်းအဖွဲ့ စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့မှုများ လက်ရှိဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ကိုရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်မှာကြားသည်။

 

သမဝါယမစနစ်နှင့် သမဝါယမအသင်းများဖွဲ့စည်းရခြင်းသည် ကျေးလက်လူထု နှင့် တောင်သူများအတိုးကြီးပေးချေရသည်မှ လွတ်မြောက်ရန်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး ဝင်ငွေတိုးပွား ရရှိနိုင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် သမဝါယမနည်းလမ်း နှင့် ဆောင်ရွက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ငွေကြေးဝန်ဆောင်မှု၊ လယ်ယာဝန်ဆောင်မှု၊ ကြိတ်ခွဲ၊ ထုပ်ပိုး၊ သိုလှောင်၊ ဈေးကွက်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် လိုအပ်သည့် အရင်းအနှီး ရရှိရေး သမဝါယမအသင်းများမှ ထောက်ကူဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ သမဝါယမ၏ စုပေါင်းဝယ်ယူသူ၊ စုပေါင်းရောင်းချခြင်းများမှ ရရှိလာမည့် အကျိုးကျေးဇူးများကိုအသင်းသားများခံစား ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ သမဝါယမဦးစီးဌာနအနေနှင့် သမဝါယမအသင်းပေါင်း (၄)သောင်းကျော်၊ အသင်းသားပေါင်း (၄)သန်းကျော်၏ လိုအပ်ချက်များဖြစ်သည့် အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း၊ လုပ်ငန်းသုံးစက်ကိရိယာများအရစ်ကျ ဝယ်ယူနိုင်ရေး ငွေထုတ်ချေးပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်မှု အ တွက် လိုအပ်သည့် အရင်းအနှီးအတွက် ချေးငွေများဖြည့်ဆည်းပေး နိုင်ရေးကို စိစစ်ပြီး အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)