ကျိုက်မရော ၁၅ မတ်

 

ကျိုက်မရောမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီက အတ္တရံမြစ်ကမ်းနဘေး ဆိုက်ကပ်ထားသော မိုးဟိန်းအမည်ရှိ သဘော်ပေါ်၌ အလုပ်သမားများ ခြင်းလုံးခတ်ကစားကြရာမှ ခြင်းလုံးရေထဲပြုတ်ကျသဖြင့် လူတစ်ဦးက ဆင်းဆယ်ရာ ပြန်မပေါ်လာတော့ဘဲ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

 

22

 

ရေနစ်နေကြောင်း သိသိချင်း အနီးရှိလူများက လိုက်လံကယ်ဆယ်ရာ ရှာမတွေ့တော့ဘဲ ယနေ့နံနက်ပိုင်းမှ ပြန်ပေါ်လာသဖြင့် သေဆုံးသူ၏ ရုပ်အလောင်းအား ကျိုက်မရောဆေးရုံသို့ ရသေ့ကျောင်းနိဗ္ဗာန်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူမှာ အဆိုပါသင်္ဘောပေါ်၌ အလုပ်လုပ်ကိုင်နေသော အသက် (၄၀)ခန့် အမျိုးသာတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)