ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရှေ့ဆောင်ရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဦးစွ အသင်း၏ ဥက္ကဋ္ဌ ဦးအောင်မျိုးတင့်က သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်း၏ အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးက အသင်းဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို ရှင်းလင်း၍ အသင်းသားများက သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်း(ပြန်/ဆက်)


