ဘားအံ ၁၁  ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သင်္ကြန်ကာလအကြို နေရပ်ပြန်ပြည်သူများ၊ ခရီးသွားလာမည့်ပြည်သူများ စိတ်အေးချမ်းသာပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက်  ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီမှ အဝေးပြေးခရီးသည်တင်ယာဉ် ထွက်ခွာချိန် နံနက် ၇ နာရီမှ ၁၀ နာရီထိနှင့် ညနေ ၅နာရီမှ ၉ နာရီအထိ နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဘားအံအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

11

 

ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်တင်တင်ဌေးက “အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ လမ်းညွှန်မှုဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဧပြီလ ၁၀ ရက်မှ စတင်ကာ သင်္ကြန်ကာလအကြို နေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ပညာပေးခြင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

22

 

ယာဉ်မောင်းသူအား Alcohol Tester ဖြင့် စစ်ဆေးခြင်း၊ အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ထားခြင်းရှိ/မရှိ၊ အရေးပေါ် ထွက်ပေါက်၊ မှန်ခွဲရန် တူ/ပုဆိန်နှင့် မီးသတ်ဆေးဘူး ပါရှိမှုရှိ/မရှိ စစ်ဆေးပြီး မှန်ကန်တဲ့ အချက်ပြစနစ်များ ကျင့်သုံးရန်၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန်၊ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်ရန်၊ မော်တော်ယာဉ် ညအချိန် ရပ်တန့်ရာတွင် ယာဉ်ရပ်နား တြိဂံ ရောင်ပြန် အသုံးပြုရန် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်” ဟုပြောသည်။

 

33

 

ထို့သို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ  ဦးဆောင်၍ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ မြို့နယ်မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီတို့မှ အာရှလမ်းမကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် အခြားလမ်းမများ၌ ခရီးသည်တင်ယာဉ်များ မကြာခဏတိမ်းမှောက်မှု၊ မတော်တဆမှု မီးလောင်မှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် ခရီးသည်တင်ယာဉ်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)