mdn

ခင်ဦး ၉  ဧပြီ

 

 ပုံမှန်ပြေးဆွဲနေသော မြန်မာ့မီးရထားများသည် သင်္ကြန်ကာလအတွင်း ပြေးဆွဲမှုရပ်နားထားမည် ဖြစ်ကြောင်း ခင်ဦးမြို့ဘူတာရုံမှ သိရသည်။

 

ဧပြီလ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်(သင်္ကြန်အကျ၊ အကြတ်၊ အတက်) နေ့တို့တွင် အမှတ်(၃၃)အဆန်၊ (၃၄)အစုန် မန္တလေး-မြစ်ကြီးနား လေအိတ်အထူးရထား၊ အမှတ်(၃၇) အဆန်၊ (၃၈) အစုန် မန္တလေး-မြစ်ကြီးနား မြစ်ဆုံအထူးအမြန်ရထား၊ အမှတ်(၅၇) အဆန်၊ (၅၈) အစုန် မန္တလေး-မြစ်ကြီးနား မန္တလာအထူးအမြန်ရထား၊ အမှတ်(၅၃)အဆန်၊ (၅၄) အစုန် ကောလင်း-မန္တလေး (RBE) အမြန်ရထား၊ အမှတ် (၂၁၅) အဆန်၊ (၂၁၆) အစုန် ခင်ဦး-မန္တလေး (RBE) ရထားတို့ ပြေးဆွဲမှုရပ်နားထားပြီး ဧပြီလ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက် တို့တွင်  တင်းတိန်ရံ-ရွှေဘို (RBE) လော်ကယ်ရထားတို့ ပြေးဆွဲမှုရပ်နားထားမည် ဖြစ်ကြောင်း ခင်ဦးမြို့ ဘူတာမှ ဒုတိယ ရုံပိုင် ဦးမင်းခိုင်၏ ပြောကြားချက်အရ သိရသည်။

 

 

စိုးဝေအောင်(ခင်ဦး)