ပြင်ဦးလွင် ၈ ဧပြီ
၂၀၁၉ ခုနှစ် သင်္ကြန်ပွဲတော် ကာလအတွင်း ပြင်ဉီးလွင် အမျိုးသား ကန်တော်ကြီးဉယျာဉ်အတွင်း နွေရာသီ အလှပန်းမျိုးများ ဝေဝေဆာဆာ လှလှပပနှင့် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဉီးလွင် အမျိုးသား ကန်တော်ကြီးဉယျာဉ်သည် သင်္ကြန်ပွဲတော် ကာလအတွင်း ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ လာရောက်လေ့လာ လည်ပတ်ကြသည့် ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်လေ့ရှိပြီး ၂၀၁၈ ခုနှစ်က သင်္ကြန်ပွဲတော် ကာလအတွင်း လာရောက်လည်ပတ်သည့် ဧည်သည် ၇၀၀၀၀ ကျော်ရှိခဲ့ပြီး နေ့စဉ်ပျမ်းမျှ ၁၅၀၀ ကျော်ရှိကြောင်း သိရသည်။
“သင်္ကြန်ပွဲတော်ရက်တွေမှာ လာရောက်လည်ပတ်သူ များပြားပြီး နှစ်ဆန်း ၁ ရက်နေ့မှာ ပိုများပါတယ်။ သင်္ကြန်ကာလ နွေရာသီဖြစ်လို့ ပြည်တွင်းပြည်ပ နွေရာသီပန်းမျိုးတွေကို သူ့ပန်းပြကွက်နဲ့သူ လှပအောင် ဖန်တီး စိုက်ပျိုးထားလို့ လာရောက်ကြတဲ့ ဧည့်သည်တွေကို စိတ်ကျေနပ်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ပွဲတော်ရက်တွေမှာ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း အစရှိတဲ့ မြန်မာ့ရိုးရာ မုန့်တွေကို စတုဒီသာကျွေးမွေး သွားမှာဖြစ်တဲ့အတွက် လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေကို ပိုပြီးပျော်ရွှင်စေ မှာပါတယ်” ဟု ဉယျာဉ်မှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ပွဲတော်ကာလအတွင်း ဉယျာဉ်ဝင်ကြေးများကိုလည်း ပြောင်းလဲခြင်းမရှိဘဲ ယခင်အတိုင်း ကောက်ခံသွားမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် တစ်လမ်းမောင်း စနစ်သတ်မှတ်ခြင်း ယာဉ်ထိန်းရဲအကူ ထားရှိခြင်းများကို ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နိုင်(ပြင်ဉီးလွင်)


