ပခုက္ကူ ၅ ဧပြီ
နေပြည်တော်-ပုဂံ-ပခုက္ကူလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၁၀၇) အဆန်နှင့် အမှတ်(၁၀၈) အစုန် RBE ရထား ကို မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သုံးရက်ကြာ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမီးရထားခရီးစဉ်ကို မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့)မှ ဧပြီ ၁၆ ရက် (အကြတ်နေ့) အထိ သုံးရက်ကြာရပ်နားမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်မှစ၍ ပုံမှန်ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အလားတူ ပခုက္ကူ-တန့်ကြည့်တောင်-ပခုက္ကူပြေးဆွဲနေသော အမှတ်(၁၂၇)အဆန်နှင့် အမှတ်(၁၂၈) အစုန်ရထား သည်လည်း ၃ ရက်ကြာရပ်နားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


