နေပြည်တော်  ၂၅  မတ် 


နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပန်းခင်းကွက်သစ်၊ ဘုရားကြီးတောရကျောင်းတိုက် ရွှေပြည်အေးမဟာစည်သာသနာ့ရိပ်သာ၊ ပဓာနနာယက ကမ္မဌာနာစရိယ ဆရာတော် ဘဒ္ဒန္တဓမ္မပါလ က နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)ကြိမ်မြောက် စုပေါင်း ဒုလ္လဘရဟန်းခံပွဲ၊ သီလရှင်ဝတ်ပွဲ၊ သတိပဌာန်ဝိပဿနာ အလုပ်ပေး တရားစခန်း ပွဲကြီးကို သင်္ကြန်အကြိုနေ့(ဧပြီ ၁၃ ရက်)မှစ၍  (ဧပြီ ၂၂ ရက်) အထိ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားပြသမည်ဖြစ်ရာ တရားစခန်း ဝင်ကြမည့် ယောဂီများသည် ဖုန်း  ဝ၆၇- ၂၃၀၄၃နှင့် ဝ၉-၂၅၀၈၀၁၃၇၀ တို့ကို ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


(သတင်းစဉ်)