ရန်ကုန် ၃၀ မတ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်၏ (စတုတ္ထအကြိမ်) ၁၃၈၁ ခုနှစ် နှစ်ဦးအကြို အထူးဓမ္မပူဇာသဘင်ပွဲကို မတ် ၃၀ ရက်မှ ဧပြီ ၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မတ် ၃၀ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် သြဝါဒစရိယ၊ သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကလည်းကောင်း၊ မတ် ၃၁ ရက်နေ့၌ ရွှေပြည်ဟိန်း ဆရာတော် အရှင်ခေမာသီရိလင်္ဏာရ ကလည်းကောင်း၊ ဧပြီ ၁ ရက်နေ့တွင် ရွှေသန်လျင် ဆရာတော် အရှင်မေဃိယ ဆရာတော်က လည်းကောင်း ညစဉ် ၇ နာရီမှစတင်ကာ ကျိုက်ခေါက်စေတီ အရှေ့ဘက် ကြာကန်ဗိမာန်အနီး ဓမ္မပူဇာသဘင်၌ တရားတော်များ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


