သန်လျင် စက်တင်ဘာ ၃၀

 

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရုံး သပြေကန်ကျေးရွာတွင် မိုးစပါးမျိုး‌စေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားရှိသော စံပြကွက်တောင်သူ ဦးကျော်မျိုးသူ၏ မှော်ဘီ (၃)စပါးအမျိုးအစား စိုက်ဧက ၇ ဒသမ ၂၆ ဧက ကို ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းသည်။ ထိုသို့ ရိတ်သိမ်းရာတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်နှင့်အဖွဲ့၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးအေးဝင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးဝင်းနှင့် စိုက်ကြပ်အဖွဲ့ဝင်များ၊ တောင်သူများက ကြည့်ရှုအားပေးကြပြီး အဆိုပါလယ်မြေမှ စပါးအစို ၁၄၁ ဒသမ ၂ တင်း၊ အခြောက် ၁၁၄ ဒသမ ၅၆ တင်းထွက်ရှိကြောင်း သိရသည်။ 

သန်းဝင်း(သန်လျင်)