ရန်ကုန် ၁၁ ဇန်နဝါရီ

 

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ကံသာဓမ္မရိပ်သာ ကျောင်းဝန်းအတွင်း၌ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရာ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

4

 

 

မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ကျောက်တန်းမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူများက မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ကွပ်ကဲမှုယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးထိန်းနိုင်ပြီး ၁ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

7

 

 

 

အဆိုပါ မီးလောင်မှုမှာ ဦးဇင်း ဦးဝိမလ ဝါတော် ၅ ဝါ၊ လူအမည် ဦးမြဆင် အသက် (၇၃)နှစ်အား လာရောက်ပြုစုသော သမီးဖြစ်သူ ဒေါ်ဌေးဌေးအောင် အသက် (၅၆)နှစ်မှ လူစောင့်မရှိဘဲ ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ပေ ၂၀ × ပေ ၃၀ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးတစ်ထပ် ၂ လုံးနှင့် ၁၅ ပေ × ၄၀ ပေ အုတ်ညှပ်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း တစ်ထပ် ၁ လုံး စုစုပေါင်း ၃ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်းနှင့် မီးလောင်မှုအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

5

 

 

 

သက်ခိုင် (သန်လျင်)