သံဖြူဇရပ် ၂၉  မေ


သံဖြူဇရပ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ ပြည်သူလူထုအခြေပြု တီဘီဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ခြင်း စီမံချက်ဆိုင်ရာ မြို့နယ်အဆင့်မွမ်းမံသင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။


ရှေးဦးစွာမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နှင်းဝင့်ဝင့်ဆွေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအောင်ထက်ကောင်းက မိမိရပ်ရွာအတွင်း တီဘီရောဂါဝေဒနာရှင်များ၊ ဆေးယဉ်ပါးတီဘီ ဝေဒနာရှင်များကို ရှာဖွေဖော်ထုတ်ပြီး သတ်မှတ်ဆေးဝါးများကို စနစ်တကျတိုက်ကျွေးပြုစုစောင့်ရှောက်သည့် လုပ်ငန်းများကို ယခုသင်တန်းတက်ရောက်သူများက လူမှုရေးပရဟိတစိတ်ထားဖြင့် နည်းစနစ်နှန်ကန်စွာ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောသည်။


သင်တန်းကို ရပ်ကွက်၊ ကျေးရွာများမှသင်တန်းသားသင်တန်းသူ ၂၀ ဖြင့် ကျန်းမာရေးဦးစီးဌာနမှ နှစ်ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် ပြန်/ဆက်မှ သိရသည်။


MDN