သရက် စက်တင်ဘာ ၂၂
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ အသင့်ကယ်ဆယ် ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့၍ လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ သရက်ခရိုင်တွင်လည်း သဘာဝဘေး အန္တရာယ်ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ အသင့်ကယ်ဆယ် ဆောင်ရွက်နိုင်ရန် သရက်ခရိုင် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေး ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များစုဖွဲ့ကာ ကယ်ဆယ်ရေးသုံးစက်ပစ္စည်းများ၊ အထောက်အကူပြု ကိရိယာများဖြင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သရက်ခရိုင်အတွင်း မီးလောင်မှုအကြိမ်ရေနှင့် မီးလောင် ဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်လျက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များရှိ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ အသင့်ရှိ/ မရှိစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


