သရက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ဆီထွက်သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံဉ္ဇလီကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ အတွင်း၌ ဆောင်ရွက်ခဲ့သည်။
ရှင်းလင်းပြောကြား
အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးငွေဆန်းက အမှာစကားပြောကြားခဲ့ပြီး ဆီထွက်ဇုန် (၂) တာဝန်ခံ ဦးသိန်းနိုင်ဝင်းက မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး (မျိုး၊ မြေ၊ ရေ) နည်းဖြင့် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် AI နည်းပညာဖြင့် စိုက်ပျိုးနည်းပညာများရယူခြင်း၊ အသုံးပြုခြင်းများ ရှင်းလင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ခရိုင်အဆင့် မြေ၊ မျိုး တာဝန်ခံများက မိမိတို့ဆောင်ရွက်ရမည့် နည်းလမ်းများကို ပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


