သထုံ စက်တင်ဘာ ၂၂
မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားအလယ်ရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အားကစားထူးချွန် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် နောင်ကုလား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် နောင်ကုလားအလယ်ရွာ မူလတန်းလွန်ကျောင်း မိဘဆရာအသင်း အတွင်းရေးမှူး ဦးအေးချိုထွန်းတို့က အမှာစကားပြောကြား သည်။
ယင်းနောက် နောင်ကုလား အလယ်ရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာလှိုင်နှင့် တာဝန်ရှိသူတို့က နောင်ကုလားအလယ်ရွာ မူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG မှ Grade-8 အထိ ပညာရည်ထူးချွန် ကျောင်းသား ကျောင်းသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား အားကစားပွဲတွင် အောင်ပွဲရ ဘောလုံးအားကစားကျောင်းသားများ၊ အားကစားထူးချွန် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


