သထုံ ၃    ဧပြီ   

  

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းကာ ဖွင့်လှစ်ခဲ့သည့် အခြေခံကဗျာရေးနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို အခမ်းအနားကို ယနေ့နံနက်က ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနာယက ဦးစောဘသိန်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့နှင့် အဖွဲ့ဝင်များက သင်တန်း တက်ရောက်ခဲ့သူများအား ဂုဏ်ပြု အမှတ်တရစကားများ ပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူတို့က အခြေခံကဗျာရေးနည်းသင်တန်း ထူးချွန်ဆု ရရှိကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းကို ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် စာပေ ချစ်မြတ်နိုးသည့်စိတ်များ ရင့်သန်လာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၂၅ ဦးတို့ တက်ရောက်သင်ကြားခဲ့ကြကာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ကဗျာပညာရှင် လေးဦး တို့က မတ်လ ၂၅ ရက်နေ့မှစတင်၍ ၁၀ ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN