သထုံတွင်  ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေးသင်တန်းဖွင့် 

သထုံ  ၁၄ ဇန်နဝါရီ  

 

မွန်ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ရေသယံဇာတကာကွယ်ထိန်းသိမ်းရေး အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ခန်းမ၌ ကျင်းပသည်။

 

252

 

အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မွန်ပြည်နယ်အတွင်း ရေချိုရေငန် ငါးသယံဇာတများ ယခင်ကထက်လျော့နည်းလာခြင်းကြောင့် ရှေည်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ငါးသယံဇာတကာကွယ်ထိန်းသိမ်းရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာပါက သားစဉ်မြေးဆက် ငါးရိက္ခာ လုံလောက်စွာရနိုင်မည်ဖြစ်ကြောင်းဖြင့် သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ 

 

အဆိုပါသင်တန်းသို့ သထုံခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း သင်တန်းသား/သူ ၃၀ ကျော် တက်ရောက်ခဲ့ကြပြီး ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်ဦး(သထုံ)