ရန်ကုန် ၂၄ မတ်
သတင်းနှင့်စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်း တတိယအကြိမ်မြောက် သက်ကြီးဝန်ထမ်းဟောင်းများအား ဂါရဝပြုပွဲနှင့် ဝန်ထမ်းဟောင်းများ မိတ်ဆုံတွေ့ဆုံပွဲအခမ်းအနားကို မတ် ၂၄ ရက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီ တော် အရှေ့ဘက်ရှိ ပြန်ကြားဝန်ကြီးဌာန ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဝန်ထမ်းဟောင်းများအသင်း အမှုဆောင်အဖွဲ့ရုပ်သိမ်းခြင်း၊ အသစ်ဖွဲ့စည်းခြင်း၊ အလှူငွေလက်ခံခြင်း၊ ငွေစာရင်းရှင်းလင်းခြင်းတို့ပြုလုပ်ပြီး ဝန်ထမ်းဟောင်း ဆရာသမား ၁၇ ဦးနှင့် အသက် ၈၀ နှစ်အထက် ဝန်ထမ်းဟောင်း ၃၅ ဦးတို့အား ဂါဝရပြုလက်ဆောင်များနှင့် ထောက်ပံ့လှူဒါန်းငွေများ ပေးအပ် သည်။ ထို့နောက် ဝန်ထမ်းဟောင်းဆရာသမား ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း)ဦးတင်ခနှင့် အထွေထွေမန် နေဂျာ(ငြိမ်း)ဦးမြင့်ထွန်းတို့က မုဒိတာစကားပြောကြားကြပြီး အခမ်းအနားသို့ သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေး ရှင်းခေတ်မှ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းခေတ်အထိ ခေတ်အဆက်ဆက်တွင် ကော်ပိုရေးရှင်း၊ လုပ်ငန်း (ရုံးချုပ်)၊ သတင်းစာတိုက်များ၊ သတင်းဌာနများ၊ ပုံနှိပ်တိုက်များ၌ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းဟောင်းများ တက်ရောက်ကြသည်။
MDN


