သတင်းသမားတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့သော Yellow Vest လှုပ်ရှားသူတွေကို သတင်းစောင့်ကြည့်ရေး အဖွဲ့က ရှုတ်ချ

၁၄ ဇန်နဝါရီ

ပြင်သစ်နိုင်ငံက Yellow Vest (အဝါရောင် ရောင်ပြန်အင်္ကျီဝတ်ဆင်ထားသူများ) ဆန္ဒပြသူတွေကို နယ်စည်းမခြား သတင်းသမားများ အဖွဲ့က မနေ့က ရှုတ်ချလိုက်ပါတယ်။ Yellow Vest (အဝါရောင် ရောင်ပြန်အင်္ကျီ ဝတ်ဆင်ထားသူများ) ဟာ အစိုးရရဲ့ စီးပွားရေးမူဝါဒကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြနေတာ အရှိန်အမြင့်ဆုံး အဆင့်ကိုရောက်ရှိလာပြီလို့ ဆိုနိုင်ပါတယ်။ 

mdn

 

ဆန္ဒပြသူတွေဟာ သတင်းသမားတွေကို ခြိမ်းခြောက်မှုတွေ အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ရိုက်နှက်မှုတွေနဲ့ အဆိုးဝါးဆုံးဖြစ်တဲ့ အမျိုးသမီးသတင်းသမားတွေကို မုဒိန်းကျင့်မယ်လို့ ပြောဆိုတဲ့အထိ ဖြစ်ခဲ့ပါတယါ ။ ဒီလိုပြောဆိုပြုမူမှုတွေကို လုံးဝရှုတ်ချကြောင်း Yellow Vest (အဝါရောင် ရောင်ပြန်အင်္ကျီဝတ်ဆင်ထားသူများ) လှုပ်ရှားမှုရဲ့ ပြောရေးဆိုခွင့် ရှိသူတွေကို  ပဲရစ်အခြေစိုက် သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူးက ပြောကြားလိုက်ပါတယ်။

mdn

စနေနေ့မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုမှာ LCI ရုပ်မြင်သံကြားသတင်းထောက်တွေအား စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးကို Yellow Vest ဝတ်ဆင်ထားသူတချို့က ရိုက်နှက်ခဲ့ကြသဖြင့် နှာခေါင်းကျိုး သွားကြောင်း သိရပါတယ်။ 

အခုလို အကြမ်းဖက်မှုကို ပြင်သစ်ပြည်ထဲရေးဝန်ကြီးကလည်း ရှုတ်ချကြောင်း သူ့ရဲ့ တွစ်တာအကောင့်ကနေ ရေးသားထားပါတယ်။

ပြီးခဲ့ စနေနေ့က ဖြစ်ခဲ့တဲ့ဆန္ဒပြမှုမှာ လူပေါင်း ရှစ်သောင်းခွဲနီးပါး ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးကတော့ လူပေါင်း ငါးသောင်းလောက် အထိပါဝင်တယ်လို့ ဆိုပါတယ်။ 

ပဲရစ်နှင့်တခြားမြို့ကြီးတွေမှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေမှာ  ရဲတွေနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် လူပေါင်း ရာချီပြီး အဖမ်းခံခဲ့ရပါတယ်။ 

mdn

MDN
ကိုးကား- AFP