သုံးခွ ၂၁ မတ်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် ၂ ရပ်ကွက်ရှိ မဟာဗောဓိပရိယတ္တိစာသင်တိုက်တွင် မတ်လ ၂၀ ရက် မွန်းလွဲ ၂ နာရီက အမှတ် ၄ ရပ်ကွက် သာသနာ့ဗိမာန်တော်လမ်း၌ တည်ဆောက်လျက်ရှိသည်။
မြို့နယ်သံဃနာယက အဖွဲ့ရုံးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လှူဒါန်းသော အလှူတော်ငွေကျပ် ၈၂၃၀ဝ၀ဝ (ရှစ်ဆယ့်နှစ်သိန်းသုံးသောင်း)ကို အလှူရှင်များကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့်ဇနီး ဒေါ်ဝတ်ရည်လှိုင်တို့က လှူဒါန်းရာ သာသနာ့အကျိုးတော်ဆောင်များက လက်ခံရယူပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာနန္ဒက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်း


