သုံးခွမြို့နယ်၌ ဆဌမအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပမည်

သုံးခွ  ၁၄    ဇန်နဝါရီ 


ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဆဌမအကြိမ်မြောက် စာပေဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက်မှ ၂၀ ရက်ထိ မဟာအတုလဝေယံ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


စာပေဟောပြောပွဲတွင် ဟောပြောမည့် စာရေးဆရာများမှာ ဇန်နဝါရီ ၁၉ ရက် တွင် ဆရာမ ခရမ်းပြာနှင့် ဗေလုဝ ၊ ဇန်နဝါရီ ၂၀ ရက်တွင် ဆရာမ နှင်းပန်းအိမ်နှင့် ဦးဘုန်း(ဓာတု)တို့ ဟောပြောသွားမည် ဖြစ်ကြောင်း သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN