သုံးခွ ၄ ဧပြီ
နွေရာသီကျောင်းပိတ်ရက်အတွင်း စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ပန်းချီဆွဲပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား ကျောင်းသူများ ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီပညာနှင့် ရင်းနှီးမှုရရှိစေရန်နှင့် အရောင်အယူအဆများကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး ပန်းချီရေးဆွဲနိုင်သူ ၃ ဦးအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
MDN


