သုံးခွ ၄ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ်(၁၁)ရပ်ကွက်ရှိ မြို့မရေလည်ကျောင်းတိုက်၌ ကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ နန္ဒာလင်္ကာရ (မဟာသဒ္ဓမ္မဇောတိကဓဇ) နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်(နိုင်ငံတော်ဝိနည်းဓိုရ်)ပြည်တွင်း ပြည်ပသာသနာပြု၏ ဦးဆောင်မှုဖြင့်နှစ်စဉ်ကျင်းပမြဲဖြစ်သောအကြိမ်၂၀မြောက်စုပေါင်းဒုလ္လဘရဟန်းခံ၊ သီလရှင်ဝတ်ပွဲ၊ သတိပဋ္ဌာန်ဝိပဿနာအလုပ်ပေးတရားစခန်းပွဲကိုဧပြီ၁၂ ရက်မှ ၁၈ ရက်ထိကျင်းပမည်ဖြစ်သည်။
တရားစခန်းဝင်လိုသော ယောဂီများအနေဖြင့် အမည်စာရင်းကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် နှင့် ဆွမ်း၊ အချိုပွဲဖျော်ရည် လှူဒါန်းလိုသူများသည် ဆရာတော်ဖုန်း ဝ၉-၄၃၃၆၆၆၅၅၅၊ ဦးခင်စိုး ဝ၉-၅၁၆၁၅၆၅၊ ဦးကျော်ဦး ဝ၉-၇၆၃၁၁၆၃၇၃ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းအသိပေးနှိုးဆော် ထားကြောင်းသိရှိရသည်။
ကိုကျော်(သုံးခွ)


