ကိုဗစ်ကာလကြီးမှာ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးဆပ်ကြပါစို့

COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကမ္ဘာလူလောက ကြီးကို ဒုက္ခပေးနေခဲ့တာ နှစ်ပတ်လည်တော့မှာပါ။  မိမိတို့ နိုင်ငံမှာလည်း ဒီရောဂါဆိုးကြီးဒဏ် ခံနေကြရတာ  ၉ လ ကျော်ခဲ့ပါပြီ။  ၁၂-၁၂-၂၀၂၀ ရက်နေ့အထိ ကမ္ဘာပေါ်မှာ ဒီရောဂါပိုးတွေ့ရှိသူ သန်း(၇၀) ကျော် (၇၁၅၆၀၀၈၀ ဦး) ရှိခဲ့ပြီး သေဆုံးသူ (၁ ဒသမ ၆)သန်းကျော် (၁၆၀၃၉၆၆ ဦး) ရှိခဲ့ကာ   မိမိတို့နိုင်ငံအနေနဲ့လည်း  ပိုးတွေ့လူနာပေါင်း  တစ်သိန်းကျော်   (၁၀၇၂၁၅ ဦး) နဲ့ သေဆုံးသူ (၂၂၄၅ ဦး) ရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ပိုးတွေ့တာရော၊ သေဆုံးတာပါ  တတိယနေရာမှာရှိနေတာ စိတ်မကောင်း စရာ ဝမ်းနည်းစရာပါပဲ။
ကမ္ဘာမိုးမြေ ပညာရနံ့ သင်းပျံ့စေ
အစဉ်အလာအရ  'တော်ဝင်'  နန်းထိုက်သည့် အသွင်အပြင်ဖြင့်  ဝှဲချီးထိုက်စွာ  ဆင်ယင် ကျင်းပလေ့ရှိသော 'နိုဘယ်ဆု' ပေးပွဲအခမ်း အနားကို ယခုနှစ်တွင် အွန်လိုင်းမှတစ်ဆင့် သာလျှင်    အကျဉ်းရုံးကျင်းပလိုက်ရသည် ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ကြားသိရ သောအခါ ၂၀၂၀  ပြည့်နှစ်၏ နိုဘယ်ဆု အပ်နှင်းပွဲကြီး၏ ထူးခြားသွင်ပြင် အခင်းအကျင်း ကို ခပ်မဆိတ် စေ့ငုလေ့လာမိလေ၏။
အမျိုးသားကျောင်း ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
ရန်ကုန်တက္ကသိုလ်ကြီးသည်  ခက်ခဲကြမ်းတမ်းသော မြန်မာနိုင်ငံ နိုင်ငံရေးခရီးကြမ်းအမျိုးမျိုးကို  တစိုက် မတ်မတ် ဖြတ်သန်းရင်းဖြင့် တက္ကသိုလ် အသွင်သဏ္ဌာန် ကို တဖြည်းဖြည်းချင်း ရုပ်လုံးဖော်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ခေတ်ကာလအမျိုးမျိုးကို ကြိုးစားအားထုတ် ဖြတ်သန်းရင်းပင် နိုင်ငံ့လွတ်လပ်ရေးအတွက် စွန့်လွှတ် အနစ်နာခံတတ်သည့် အာဇာနည်များ၊ သူရဲကောင်းများ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံ အားထုတ်တတ်သည့် လူစွမ်းကောင်းများ၊ မြန်မာ့လူ့အဖွဲ့အစည်းသာမက ကမ္ဘာကပါ အသိအမှတ်ပြုရသည့် အတွေးအခေါ် အမြော်အမြင်ပြည့်ဝသည့်    ခေါင်းဆောင်များစွာကို မွေးထုတ်ပေးနိုင်သည့် စွမ်းရည်လည်း ရှိခဲ့ပေသည်။ 
ကျွန်တော်၏ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ

မဟော်ဂနီရိပ်က သမိုင်းလှသည့် တောင်ငူဆောင်

ဂုဏ်ယူမှန်းဆ… လွမ်းရပါကြောင်း၊ ရေနံချောင်းမြို့က… အမျိုးသားကျောင်း

ပထဝီဝင်ပါမောက္ခ ဒေါက်တာ ဒေါ်ကြည်သင်း