နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ်ပေးနေသော မဂ္ဂဇ-ခေါင်လန်ဖူး ကားလမ်းသည် စုစုပေါင်း (၆၅/၄) မိုင်ရှိသည့်အနက် ယခုအခါ (၅၀/၀) မိုင်သို့ ချင်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။ (၁၅/၀)မိုင်သာသာခန့် ဖောက်လုပ်ရန် ကျန်သော်ငြားလည်း ထိုခရီးမှာ ဆိုင်ကယ်ဖြင့် သွားလို့ရသော ခရီးဖြစ်နေပေပြီ။ ပူတာအိုက လာသောကားများသည် ရီဒမ်းကြိုးတံတားနားအထိ လာနိုင်သော်လည်း ခရီးသည်နှင့် ကုန်ပစ္စည်း အတင်အချ လုပ်၍ကောင်းသော ဖူလွမ်းကျေးရွာမှာသာ စတည်းချ၍ စောင့်ကြိုတတ်ကြ၏။