လှည်းသည် ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍ အသုံးပြုခဲ့ကြပြီး ဘီးနှစ်ဘီးတပ်၍ နွား၊ မြင်းစသော တိရစ္ဆာန် တစ်မျိုးမျိုးဖြင့် ဆွဲရသော သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်ည်။ မြန်မာနိုင်ငံ မြို့ကြီးများတွင် စက်တပ်ယာဉ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိနေကြသော်လည်း ကျေးလက်ဒေသ တောရွာများတွင် လှည်းများကို လက်လွှတ်မခံနိုင်သေးဘဲ ရိုးရာဓလေ့သုံး ပစ္စည်းအဖြစ် ယနေ့တိုင် အသုံးပြုလျက် ရှိကြ