ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အအုံများ၏ သမိုင်းပြပွဲကျင်းပ
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ပထမထပ်ရှိ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးခန်းတွင် ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အအုံများ သမိုင်းပြပွဲကို မေ ၂၁ ရက် ညနေ ၆ နာရီကကျင်းပခဲ့သည်။








