မိုးညှင်းမြို့၌ သင်္ကြန်အကြတ်နေ့ အေးချမ်းပျော်ရွှင်စွာ ရေကစား

mh

ဖြူးမြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း ဖြူးချောင်းဆည်ရေပိုလွှဲတွင်  ရေကစားသူများ စည်ကားလျက်ရှိ
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အနယ်နယ်အရပ်ရပ်တွင် ဆင်နွှဲလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲအတွင်း  ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အတွင်း သောက်သုံးရေ အခက်အခဲကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ လှူဒါန်း
ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိလာမှုနှင့် အတူ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလ အတွင်း မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရသဖြင့် ဧပြီ ၁၅ ရက် နံနက် ၈ နာရီက ညောင်ဦးမြို့ မြင့်မြတ်သူ စေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ပရဟိတအသင်းသားများက  သောက်သုံးရေ အခက်ကြုံ နေသည့် ညောင်ဦးမြို့နယ် ကန်စောက်ကျေးရွာနှင့် ထနောင်းဝန်း(န)ကျေးရွာမှ ဒေသခံပြည်သူများထံ ရေသယ် ယာဉ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝင်ငွေနည်းအိမ်ထောင်စုများ  သင်္ကြန်ကာလ စားသောက်ရေး အဆင်ပြေစေရန် ဆန်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်း
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်ရှိ ဝင်ငွေနည်းအိမ်ထောင်စုများအတွက် သင်္ကြန်ကာလ စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဧပြီ ၁၄ ရက်  နံနက်ပိုင်းက ပုဂံမြို့ ရတနာဘုံစံတောရဓမ္မရိပ်သာ ကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တသာဂရအား အမှူးပြု၍ စေတနာအလှူရှင်များ စုပေါင်းအဖွဲ့က ဆန်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မဟာသင်္ကြန်အကြတ်နေ့ ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများ ယမန်နှစ်ထက် ပိုမိုစည်ကားလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ် အရပ်ရပ် မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိပြီး ချောင်းသာကမ်းခြေတွင် ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက အပန်းဖြေသူများ ယမန်နှစ်ထက် စည်ကားများပြားနေကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁၅