ဖားကန့်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၏ အခြေခံလိုအပ်ချက်များဖြည့်ဆည်းရန် အလှူရှင်များက ငွေကျပ်သိန်း ၂၃၀ဝ ကျော် ထောက်ပံ့
ကချင်ပြည်နယ် ဖားကန့်မြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၈ ရက် နံနက်ပိုင်းက အ.ထ.က(ဖားကန့်)၊ ပညာရတနာခန်းမအတွင်း ကျင်းပစဉ် မြို့နယ်အတွင်း စာသင်ကျောင်းများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းရန် အလှူရှင်များက စုစုပေါင်း ငွေကျပ်သိန်း နှစ်ထောင့်သုံးရာငါးဆယ့်ကိုးသိန်းငါးသောင်းငါးထောင်တိတိကို သက်ဆိုင်ရာ ကျောင်းကော်မတီနှင့် ကျောင်းအုပ်ကြီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။





