မန္တလေးတိုင်းဒေသကြီးတွင် နှစ်ရက်အတွင်း လေပြင်းတိုက်ခိုက်မှုများကြောင့် မြို့နယ်များရှိ နေအိမ်ပေါင်း ၃၅၀ ပျက်စီး
မန္တလေးတိုင်းဒေသကြီးအတွင်း ယခု မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လေပြင်းတိုက်ခိုက်မှုများကြောင့် မြို့နယ်များတွင် နေအိမ်ပေါင်း ၃၅၀ ပျက်စီးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(မန္တလေး)မှ သိရသည်။







